Wednesday, November 14, 2012

စိတ်ညစ်ရင် နည်း(၄)လမ်းကိုကျင့်သုံးပါ




 

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်
ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်
ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့
စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ

---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ပထမဆုံးနည်း
တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ
ဖြစ်တယ်။ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲ
တာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို
သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။
မေးလ်မှတစ်ဆင့်.......
 

ပြန်လည်ကောက်နှုတ်ဝေမျှခြင်း

Monday, November 12, 2012

jacket photo with photoshop(အနောက်တိုင်းဝတ်စုံများ)


မင်္ဂလာပါဗျာဒီနေ့တော့ Photo Shop ကို

ကလိချင်တဲ့ သူငယ်ချင်းများ

အနောက်တိုင်းဝတ်စုံများ ထည့်လိုလျှင်

Photo Shop နဲ့ ဖြတ်ညှပ်ပြီး

အစားထိုးလို့ရပါတယ်ဗျာ လိုအပ်

အောက်မှာ ဒေါင်းလိုက်ပါဗျာ

File Size ကတော့ (10.79MB)
 

Download>>>Files.com (or) sendspace.com

 

Sunday, November 11, 2012

CCleaner v3.23.1823 နှင့် CCleaner (အသုံးပြုပုံ)

မောက်မောက်လေး

မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာတိုင်းမှာ

ဆောင်ထားသင့်သည့် Software လေးပါဗျာ

ဘာဖြစ်လို့ ဆောင်ထားသင့်လည်းဆိုတော့

မိမိကွန်ပျူတာမှာ အမှိုက်တွေ များတဲ့အခါမှာ

ဒီ CCleaner ဆော့ဝဲလ်နဲ့ အမှိုက်တွေကို

ရှင်းထုတ်လို့ရပါတယ်ဗျာ

 Portable ကတော့ ရှင်းပါတယ်

 Click နှစ်ချက်နှိပ်ပေးပြီး ဒါတိုက်သုံးလို့ရပါပြီ

Key အတွက် ခေါင်းမစားရတော့သလို

 Install လဲလုပ်စရာမလိုပါဘူး

FileSize-(3.79MB)

 
 

ပုံတွင်ပြထားသည့်အတိုင်း

CCleaner ကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့်အတိုင်း

Analyze ကိုနှိပ်လိုက်ရင် အပေါ်မှာ

ရာနှုန်းပြေးနေလိမ့်မယ်

မိမိစစ်နေတဲ့ အမှိုက်များ မကုန်မချင် စစ်ပေးနေပါဗျာ

ပြီးရင် အောက်ကပုံကို ဆက်ကြည့်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း

Run CCleaner ကို တစ်ချက်နှိပ်ရင်

ပုံမှာပြထားသည့် ဘောက်လေးပေါ်လာရင်

Ok ပေးလိုက်ပါဗျာ

ဒါဆို ရာနှုန်းပြေးနေလိမ့်မည်

အောက်ကပုံကို ဆက်လက်ကြည့်ပါဗျာ

ပုံတွင်ပြထားသည့် အတိုင်း

နံပတ် အစဉ်လိုက်နှိပ်ပြီးတော့

လုပ်ဆောင်လိုက်ရင် မိမိစက်ထဲမှာရှိတဲ့

အမှိုက်တွေအကုန်လုံး ရှင်းသွားပါလိမ့်မည်ဗျာ

အားလုံးအဆင်ပြေပါစေနော်

မောက်မောက်လေး


ကွန်ပျူတာအတွင်း Folder တည်ဆောက်ခြင်း

 

မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာ

အသုံးပြုသူတိုင်း လူတိုင်းသိကြတဲ့

မိမိကွန်ပျူတာ အတွင်း New Folder တည်ဆောက်

ခြင်းပဲဖြစ်ပါတယ်

ဒီကွန်ပျူတာ အခြေခံ နည်းပညာကို

ကလေးကအစ သိကြပါတယ်

ဒါပေမဲ့ ကျွန်တော်လည်း ပျင်းတာနဲ့

ဘာတင်ရမှန်း မသိလို့ အလွယ်နည်းပဲ

Folder တည်ဆောက်ခြင်းကို

တင်ဖြစ်သွားတာပါ

အပေါ်က ပုံတွင်ပြထားအတိုင်း

မိမိကွန်ပျူရဲ့ လွှတ်နေသည့်နေရာကို

Right Click ထောက်ပြီး New ဆိုတဲ့

နေရာကို mouse ဖြင့် ထောက်ပြီး

Folder ကို နှိပ်လိုက်ရင်

ရပါပြီးပေါ့ဗျာ မိမိကွန်ပျူတာ

New Folder ဆိုပြီး သွားပေါ်လိမ့်မည်

 

Saturday, November 10, 2012

Computer Lessons For High School Vol-1 By U Zaw Lin

မင်္ဂပါဗျာ ဒီနေ့တော့ ဆရာကြီးဦးဇော်လင်း

ရေးသည့် ကွန်ပျူတာ အထက်တန်း အတွဲ ၁

စာအုပ်ကို ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ

ကျွန်ပျူတာ အထက်တန်း အတွဲ ၁

ဆိုပေမဲ့ ဘယ်သူမဆို

ကိုယ်နှင့်ကိုက်ညီရင် ဖတ်ရှုလို့ရပါတယ်ဗျာ

ကျွန်တော်တောင် နည်းနည်း လန့်သွားတယ်

ဘာဖြစ်လို့လဲဆိုတော့

ကွန်ပျူတာ အထက်တန်း ဆိုပေမဲ့

ရေးသားထားတာက

အရမ်းကောင်းလို့ပါ ဒါတောင်မှာ ကျွန်တော်

နည်းနည်းလေးပဲ ဖတ်ရသေးပါတယ်

ကြိုက်ကြရင်တော့

အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ

File Size_(13.14MB)


Google Earth 7

မင်္ဂလာပါဗျာ ဒီနေ့တော့ Google Earth 7 နဲ့
မြေပုံတွေ မိမိနိုင်ငံရဲ့ နေရာဒေသတွေကို 
ကြည့်ချင်တဲ့ သူငယ်ချင်းတွေ အတွက် 
အသုံးဝင်မယ်ထင်လို့ ပြန်လည်
တင်ပေးထားပါတယ်ဗျာ 
ဒါကတော့ နောက်ဆုံးထွက် ဗားရှင်းပါဗျာ
အရင် ဗားရှင်းတွေထက် ပိုကောင်းတယ်လို့
သိရပါတယ်ဗျာ
ဓါတ်ပုံတွေ မိမိကြည့်ချင်တဲ့
မြင်ကွင်းတွေ အရင် ဗားရှင်းထက်
ကြည့်လို့ပိုကောင်းပါတယ်
လိုအပ်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါဗျာ
File Size ကတော့ (23.29MB)

3D maker ဆော့ဝဲလ်နှင့် (3D စာလုံးပြုလုပ်နည်း)


မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးလုပ်နည်းကို

ရှင်းပြသွားမှာပါဗျာ ဒီနည်းကို အစတုန်းက ကျွန်တော်

လည်း လုပ်မတတ်ခဲ့ပါဘူး

ကိုလွင်မင်းဗိုလ်ဆိုဒ်ကို သွားလည်ရင်နဲ့

သဘောကျလို့ ကိုလွင်မင်းဗိုလ်ကို

အကူအညီလေး တောင်းပြီး

ကိုလွင်မင်းဗိုလ် ပြောပြလို့ ကျွန်တော် အခုလို့မျိုး

မျှဝေနိုင်တာပါဗျာ

ဒီနေရာကနေ ကျွန်တော်ရဲ့ ဆရာအားလုံးကို

ဦးညွှတ်လေးစားလျှက်ပါဗျာ

3D maker ဆော့ဝဲလ်ကိုတော့

အောက်မှာ ဒေါင်းလိုက်ပါဗျာ

FileSize-(20.15)

ဆော့ဝဲလ်ထဲမှာ 3D စာလုံး လုပ်နည်း

ဓါတ်ပုံပါတစ်ခါထဲ ထည့်ပေးထားပါတယ်ဗျာ

Online နေ မဟုတ်လည်း

Offline ကနေလည်း ပုံကို ကြည့်ပြီး

လိုက်လုပ်ကြည့်လို့ရပါတယ်ဗျာ


Download>>> Ziddu.com (or) Files.com 


Video ဖိုင်နဲ့ပါ ကြည့်လို့ရပါတယ်နော်


အရင်ဆုံး 3D maker ဆော့ဝဲလ်ကို ဖွင့်လိုက်ပါဗျာ

ပြီးရင် ပုံတွင်ပြထားသည့် အတိုင်း ပေါ်လာရင်

ဆော့ဝဲလ်ရဲ့ အပေါ် ညာဘက်ခြမ်းက

File ကို mouse နဲ့ ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ

ပြထားသည့် ပုံအတိုင်းပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

အကွက်တုံးကြီးနဲ့ ဝိုင်းပြထားသည့်နေရာမှာ

မိမိစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဗျာ

ကျွန်တော်က နံပတ် 3 ပြထားသည့်

အကွက်တုံးလေးကို ရွေးချယ်ထားပါတယ်

မိမိရွေးချယ်ထားသည့်

ကောင်ကို mouse ဖြင့် ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ ပြထားသည့်

ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 5 နဲ့ ပြထားသည့် ဘောက်ကလေး

ပေါ်လာရင် Yes ကို ရွေးချယ်ပေးပါဗျာ

ဒါဆို အောက်ကပုံအတိုင်း ပေါ်လာလိမ့်မည်


Yes ကို ရွေးချယ်လိုက်သည့် အတွက်

အပေါ်က ပုံတွင်ပြသည့် အတိုင်း မဟုတ်တော့ပဲ

အခုလို့မျိုး X3D ဆိုပြီး စာလုံးအကြီးနဲ့

ပြောင်းသွားလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

နံပတ် 6 နေရာကို ကြည့်လိုက်ပါ

Aa ဆိုတဲ့ စာလုံးကို နှိပ်လိုက်ရင်

ပုံတွင်ပြထားသည့်

နံပတ် 7 နံပတ် 8 ဆိုပြီး ဘောက်လေး

တစ်ခုပေါ်လာလိမ့်မယ်ဗျာ

နံပတ် 7 နေရာမှာက မိမိစိတ်ကြိုက်

စားလုံး Design တွေ ပြောင်းလို့ရပါတယ်ဗျာ

အကယ်လို့ မြန်မာ Design Font

 ထည့်ထားမယ်ဆိုလည်း

ပြောင်းသုံးလို့ရပါတယ်ဗျာ

နံပတ် 8 နေရာမှာက X3D စာလုံးအကြီးတွေကို

နုတ်ပစ်လိုက်ပါဗျာ

အောက်ကပုံကို ဆက်ကြည့်သွားပါဗျာ


ပုံတွင်ပြထားအတိုင်း

နံပတ် 9 နေရာမှာတော့

ကျွန်တော်က မြန်မာ

Design Font ပြောင်းထားပါတယ်ဗျာ

နံပတ် 10 မှာက ခဏတုန်းက ဖြတ်လိုက်သည့်

နေရာမှာမိမိစိတ်ကြိုက်စာလုံးရေးလို့ရပါတယ်ဗျာ

ကျွန်တော်က မောက်မောက်လေး

 အထွေထွေ(နည်းပညာ)

လို့ရေးထားပါတယ်ဗျာ ရေးပြီးရင် Ok ကို

နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်


ပုံတွင်ပြထားသည့် အတိုင်း အခုလိုမျိုးပေါ်လာလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော်တို့ လုပ်တဲ့ 3D စာလုံး အလွယ်နည်းနဲ့

လုပ်လို့ပြီးပါပြီးဗျာ

ဒါပေမဲ့ မသိမ်းရသေးပါဘူး

သိမ်းဖို့အတွက် အောက်ကပုံကို 

ဆက်ကြည့်လိုက်ပါဗျာ

ပုံတွင် ပြထားသည့် အတိုင်း

File ကို mouse ဖြင့် ထောက်ပြီး

နံပတ် 13 နေရာကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 14 နေရာမှာက

မိမိသိမ်းချင်သည့်နေရာပါ

ကျွန်တော် အလွယ်နည်းနဲ့ Desktop မှာပဲ

သိမ်းလိုက်ပါတယ်

နံပတ် 15 နေရာမှာတော့

မိမိစိတ်ကြိုက်အမည်ပေး

လို့ရပါတယ်ဗျာ

ပြီးရင် နံပတ် 16 နေရာမှာ Save နဲ့

သိမ်းလိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

Width နေရာမှာက ပုံရဲ့ အလျားကို

 မိမိစိတ်ကြိုက်ချိန်းလို့ရပါတယ်ဗျာ

Height နေရာမှာတော့ မိမိစိတ်ကြိုက်

ပုံရဲ့အနံကို ချိန်းလို့ရပါတယ်ဗျာ

ပြီးရင် Save သိမ်းလိုက်ရင်

မိမိသိမ်းထားသည့် နေရာကို

ရောက်သွားလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော် ပြုလုပ်ထားသည့်

3D စာလုံး အောက်မှာ ရပါပြီးဗျာ

ဆရာ အားလုံးလေးစားလျှက် မောက်မောက်လေး