Monday, November 19, 2012

မွန် Font နဲ့ မွန် Keyboard


                              
                           
                            မင်္ဂလာပါဗျ ဒီနေ့တော့ မွန်ပြည်နယ် မွန်လူမျိုးတွေ အဆင်ပြေစေရန်
                            မွန် Font နဲ့ မွန် Keyboard ကို တင်ပေးလိုက်ပါတယ်ဗျာ မွန် Fontတွေ
                            လဲ Facebook တို့ Gtalk တွေပါမက မြန်မာ Font သုံးလို့ရတဲ့နေရာ
                            တိုင်းမှာ အသုံးပြုလို့ ရပါတယ်ဗျာ မွန်လူမျိုးတွေအတွက်တော့ အသုံးဝင်
                                                      ထင်ပါတယ်ဗျာ

                       Mon Font Download>>>Files.com (or) ziddu.com (or) 17.zippyshare

                      Mon Keybard Download>>> zippyshare.com (or) ziddu.com

Internet Download Manager 6.12 Build 25 Final




မင်္ဂလာပါဗျာ ဒီနေ့တော့ Internet Download

 Manager 6.12 Build 25 Final ပါ

24 ထွက်လာတာ မကြာသေးပါဘူး

အခု Update လေးမို့ တင်ပေးလိုက်ပါတယ်ဗျာ

 သူကမှာလိုင်စင်ရဖို့အတွက်

Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်
Patch ဖိုင်နှစ်မျိုးတင်ထားပေးပါတယ်

မိမိစိတ်ကြိုက် အသုံးပြုနိုင်ပါတယ်ဗျာ

File Size (4.9MB)


(Download လုပ်ရန်)


 

Saturday, November 17, 2012

မြန်မာ စာလုံးအလှများ

 
 

မင်္ဂလာပါဗျာ green ရေ ကျွန်တော်မှာရှိတယ်

မြန်မာ စာလုံအလှများကို

စုစည်းဖော်ပြထားပါတယ် green လည်း

လိုအပ်ရင် ယူထားပါ Myanmar2 Font နဲ့

အလားတူပါပဲ ပုံစံ အမျိုးမျိုးရှိပါတယ်

ကျွန်တော်လည်း ရှိသမျှ တင်ပေးထားပါတယ်

green လိုချင်တာနဲ့ မကိုက်ညီခဲ့ရင်

ကျွန်တော်ကို ခွင့်လွှတ်ပါဗျာ

ကျွန်တော် သူငယ်ချင်းတွေရဲ့ အသံတွေကို

ကျွန်တော် အမြဲနားထောင်နေပါတယ်ဗျာ

အားလုံးကို လေးစားလျှက်


Download>>>sharebeast.com (or) Ziddu.com

Friday, November 16, 2012

စိတ်ဝင်စားစရာ Animation ပုံလေးတွေ


မင်္ဂလာပါဗျာ ဒီနေ့တော့ သူငယ်ချင်းတွေ

အချင်းချင်း အင်တာနက်ပေါ်မှာ လက်ဆောင်

ပေးလို့ ကောင်းတယ် Animation ပုံလေးတွေ

ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ

ကြိုက်ကြမယ်လို့ ထင်ပါတယ်နော်

ကျွန်တော်လည်း ဒီလို့ Animation ပုံလေးတွေကို

အရမ်း သဘောကြပါတယ်

နောက်ပြီးတော့ Bolgger သမားတွေလည်း

မိမိဆိုဒ်မှာ အလှထားမယ်ဆိုလည်း

ရပါတယ်


















Wednesday, November 14, 2012

ဘဝမှာ ပျော်ရွှင်ဖို့ သော့ချက်လေးများ

 
ဘ၀ကို ဖြတ်သန်းတဲ့ခါပျော်ရွှင်မှုရဲ့ သော့ချက်တွေကတော့ .......
  • အမုန်းတရားတွေကနေ နှလုံးသားကို ကင်းဝေးနေပါစေ -- ခွင့်လွှတ်ပေးလိုက်ပါ
  • ပူပန်သောကရောက်မှုတွေကနေ စိတ်နှလုံးဝိဥာဉ်ကို ကင်းလွတ်ခွင့်ပေးထားပါ --- အရာရာဟာ အဆင်ပြေချောမွေ့သွားမှာပါ
  • ရိုးရှင်းစွာနေထိုင်ပါ ကိုယ့်မှာရှိတာကို နှစ်သိမ့်ကျေနပ်နိုင်ပါစေ
  • များများပေးဆပ်ပါ - သူများလိုအပ်ချက်တွေကို ကိုယ်ဖြည့်ဆည်းပေးနိုင်ပါစေ-
  • လူတွေဆီက နည်းနည်းပဲမျှော်လင့်ချက်ထားပါ.. ရယူချင်တယ်ဆိုတဲ့ မျှော်လင့်ချက်မထားလေကောင်းလေပါပဲ
  • ပျော်ရွှင်မှုဆိုတာ ဝေးဝေးလံလံ လိုက်ရှာနေစရာမလိုပါဘူး -- ကိုယ်လုပ်နေတဲ့အလုပ်က အဓိပ္ပါယ်ရှိနေရင်ပဲပျော်ရွှင်စရာကောင်းနေပါပြီ
  • ကိုယ်ဟာ တပါးသူအတွက် လမ်းပိတ်သလိုဖြစ်နေခဲ့ရင်လမ်းဖယ်ပေးလိုက်ပါ -- သူတို့သွားပါစေ
  • လူတွေကို အမြဲ ပြုံးပြီးဆက်ဆံကြည့်ပါ -- သူတို့ ပြန်ပြုံးပြတဲ့အခါ ဘ၀ရဲ့ အနှစ်သာရကို သိလာပါလိမ့်မယ်

ဘယ်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းပေမယ့်လည်း တခါတရံမှာ တော့ စိတ်ညစ်စရာတွေ


စိတ်ပျက်စရာတွေနဲ့ကြုံကောင်းကြုံပါလိမ့်မယ် ။

ဟိုး--- ကောင်းကင်ကြီးကိုမော့ကြည့်လိုက်စမ်းပါ - - အဆုံးအစမဲ့ ကျယ်ဝန်းနက်ရှိုင်းလို့ --

လောကကြီးတခွင်ကို ဖြန့်ကျက်ကြည့်လိုက်ရင် ကျွန်တော်တို့ ညည်းတွားနေမှု အခက်အခဲကြုံနေရမှုတွေဟာ

ပြောပလောက်တဲ့အရာတွေ မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ် ။



သူများတွေ ချမ်းသာနေတာကြည့်ပြီး ငါ မနာလိုမဖြစ်တော့ဘူး သူတို့လို ချမ်းသာအောင် ငါကြိုးစားရမယ်


သူများတွေ ပျော်ရွှင်နေတာကြည့်ပြီး ငါ စိတ်ညစ်မနေတော့ဘူး သူတို့လို ပျော်ရွှင်အောင် ငါ ကြိုးစားရမယ်


သူများတွေ အောင်မြင်နေတာကြည့်ပြီး ငါ စိတ်အားမငယ်တော့ဘူး သူတို့လို အောင်မြင်အောင် ငါကြိုးစားရမယ်


သူများတွေ ပိုင်ဆိုင်နေတာတွေကြည့်ပြီး ငါ့ပိုင်ဆိုင်မှုနဲ့မနှိုင်းယှဉ်တော့ဘူး သူတို့နဲ့ငါ ပိုင်ဆိုင်တာချင်းမတူသလို
ဘ၀အခြေအနေခြင်းလည်းမတူဘူး


သူများတွေ ဟားတိုက်ရယ်မောနေတာကြည့်ပြီး ငါ စိတ်မပျက်တော့ဘူး သူတို့လို ဟားတိုက်ရယ်မောနိုင်အောင် ငါကြိုးစားရမယ်


သူများတွေ လောဘဒေါသ မောဟတွေနဲ့ပူလောင်နေတာကြည့်ပြီး ငါ သင်ခန်းစာယူရမယ် သူတို့လို အပူတွေနဲ့ကင်းအောင်
စစ်မှန်ငြိမ်းချမ်းသော လမ်းကို ငါလျှောက်ရမယ်


သူများတွေမျက်ရည်ကျနေတာကြည့်ပြီးငါမျက်နှာမလွှဲသွားတော့ဘူးသူတို့မျက်ရည်ကိုကိုယ့်မျက်ရည်အဖြစ်ခံစားလို့လူပီသစွာ နေရမယ်


ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

မိန်းကလေးတွေအတွက် အကြံညဏ် (၁၄)ချက်

 
၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ

(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ


(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ
ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

ကြံရည်၏ ကျန်းမာရေး အာနိသင်များ

 

 


ကြံပင်ဟာအဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့

သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။


ကျန်းမာကြံ့ခိုင်စေပါတယ်

ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။


အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။


ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။


စွမ်းအင်ရရှိစေပါတယ်

ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။


ရေဓာတ် ပြည့်ဝစေပါတယ်

ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကြံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆော်ဒါလိုအချိုရည်တွေအစားကြံရည်ကို သောက်
သင့် ပါတယ်။


ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်

ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။


ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်

ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျောက်ကပ်တွေကိုလုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကြံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။


သက်လုံကောင်းစေပါတယ်

ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။


ဝမ်းမှန်မှန်သွား စေပါတယ်

ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

source>>> http://myawady.net.mm/mwdhealth/index.



ပြန်လည်ကောက်နှုတ်ဖော်ခြင်း