Thursday, September 6, 2012

စကားပြောနည်း(၁၅)မျိုး

ဒီနေ့တော့ စကားပြောနည်း(၁၅)မျိုးကို ဖော်ပြချင်ပါတယ်ဗျာ ကြိုက်ကြမယ်လို့ ထင်ပါနော် အောက်မှာဖော်ပြထားတဲ့ဟာကို လေ့လာပြီး စကားပြောခြင်းဖြင့် မိမိဘဝကို တိုးတတ်အောင် ဖန်းတီးနိုင်ကြပါစေလို့ ကျွန်တော် မောက်မောက်လေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ....

၁ ။ အလောတကြီးကိစ္စ~ဖြေးဖြေးပြောပါ ။

၂ ။ အရေးတကြီးကိစ္စ~ရှင်းရှင်းလင်းလင်းပြောပါ ။

၃ ။ အရေးမကြီးသည့်ကိစ္စ~ဟာသနှော၍ပြောပါ ။

၎ ။ မပိုင်နိုင်သောကိစ္စ~ဆင်ဆင်ခြင်ခြင်ပြောပါ ။

၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ~ ကာလံဒေသံကိုက်၍ပြောပါ ။

၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ~ပြောသင့်သူမှပြောပါ ။

၇ ။ ၀မ်းနည်းဖွယ်ကိစ္စ~လူတွေ့ တိုင်းမပြောပါနဲ့  ။

၈ ။ သူတစ်ပါးကိစ္စ~သတိထားပြီးပြောပါ ။

၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ ~လက်လွတ်စပယ်မပြောပါနဲ့ ။

၁၀ ။ မလုပ်နိုင်သောကိစ္စ~ကြွားဝါမပြောပါနဲ့  ။

၁၁ ။ သူတစ်ပါးထိခိုက်မည့်ကိစ္စ~လုံးဝမပြောရ ။

၁၂ ။ လင်မယားကိစ္စ~တိုင်ပင်ဆွေးနွေးပြောပါ ။

၁၃ ။ ကလေးများကိစ္စ~လမ်းကြောင်းညွှန်၍ေ ပြာပါ ။

၁၄ ။ မိမိ၏ကိစ္စ~သူများမည်သို့ပြောသည်ကိုနားထောင်ပါ ။

၁၅ ။ သက်ကြီးဝါကြီးသူနှင့်ပြောလျှင်~များများနားထောင် နည်းနည်းပြောပါ။


                         ကျွန်တော်ဖတ်ဖူးခဲ့တာလေးကိုပြန်လည်ဝေမျှခြင်းမျှသာဖြစ်သည်

0 comments:

Post a Comment