Wednesday, October 31, 2012
Tuesday, October 30, 2012
မိလ္လာကျင်းထဲက လက်စွပ် တစ်ကွင်းကြောင့် လူသုံးဦး၏ အသက်သေဆုံး
သံဖြူဇရပ် မြို့နယ်တွင် မိလ္လာကျင်း အတွင်း လက်စွပ်ဆင်း ဆယ်သူသုံးဦး သေဆုံးသွားခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့က မွန်ပြည် နယ်၊ သံဖြူဇရပ် မြို့နယ်၊ ကျေးရွာရှိ အိမ်ခြံဝင်းတစ်ခု ၌ အိမ်ရှင်ဖြစ်သူ၏ လက်စွပ်မှာ အိမ်သာသွားစဉ် မိလ္လာကျင်းထဲ ပြုတ်ကျခဲ့ရာ ထိုလက်စွပ် အား ဆင်းဆယ် သော လူလေးဦး အနက် သုံးဦးမှာ မိလ္လာကျင်း အတွင်း သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ဝ နာရီ၌ ရွာနေ အိမ်ရှင်ဖြစ်သူ ဦးမျိုးမြင့်ခေါ် ဦးကွန်ဗလိုင် သည် အိမ်သာသွားစဉ် အိမ်သာ အတွင်းသို့ ရွှေလက်စွပ် တစ်ကွင်း ကျသွားခဲ့ကြောင်း ထိုလက်စွပ်အား ထိုအိမ်ရှိ အလုပ်သမား လေးဦးမှ မိလ္လာကန် အတွင်းသို့ အနံ့ပျောက် စေရန်အတွက် အက်စစ် သုံးပုလင်း လောင်းထည့်၍ တစ်ဦးပြီး တစ်ဦး ဆင်းဆယ်ရာ တွင်း အတွင်း၌ အောက်ဆီဂျင် ပြတ်တောက်၍ မေ့မျောသွားခဲ့ ကြောင်း၊ တွင်းအတွင်းသို့ ဆင်းသွား သူများ၏ အသံကို ပြန်မကြား ရ၍ အိမ်ရှင် ဖြစ်သူက သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့သဖြင့် မီးသတ် ဝန်ထမ်းများ ဆင်းဆယ်ရာ သုံးဦးမှာ အောက်ဆီဂျင် ပြတ်တောက်မှု ကြောင့် မေ့မျောသေဆုံး လျက် ရှိသည် ကိုတွေ့ရပြီး ကျန်တစ်ဦးမှာမူ ဆေးရုံ သို့ အချိန်မီ ပို့ဆောင်နိုင်မှုကြောင့် အသက် ချမ်းသာရာ ရခဲ့ကြောင်း သံဖြူ ဇရပ်မြို့နယ် မီးသတ်စခန်းမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။Sunday, October 28, 2012
ပြန့်ကျဲနေတဲ့ icons များကိုနေရာတကျပြန်စီခြင်း
မင်္ဂလာပါဗျာ ဒီနေ့တော့ ပြန့်ကျဲနေတဲ့
icons များကို နေရာတကျပြန်စီခြင်းပဲဖြစ်ပါတယ်ဗျာ
မိမိကွန်ပျူတာ မျက်နှာပြင်ပေါ်မှာရှိတဲ့
icons များသည့် တစ်ခါတလေ
ပြန့်ကျဲနေတတ်ပါတယ် အဲတော့
ပြန့်ကျဲနေတဲ့ icons များကို ပြန်စီနည်းပါဗျာ
ပုံတွင်ပြထားသည့်အတိုင်း
ပြန့်ကျဲနေတဲ့ icons ပုံများဖြစ်ပါတယ်ဗျာ
ပုံတွင်ပြထားသည့်အတိုင်း
မိမိကွန်ပျူတာ မျက်နှာပြင်ပေါ်ကို
Mouse ဖြင့် Right Click ကို
နှိပ်ပြီး Sort by ကို Mouse ဖြင့် ထောက်ပြီး
Name ကိုနှိပ်လိုက်ရင်
အောက်မှာပြထားသည့်အတိုင်း
icons ပုံများ နေရာတကျ ပြန်စုသွားပါတယ်ဗျာ
အခုမှာ ကွန်ပျူတာ စကိုင်တဲ့သူအတွက်
ရည်ရွယ်ပါတယ်ဗျာ
မောက်မောက်လေး
Saturday, October 13, 2012
အဆင့်မြင့်အင်တာနက်အသုံးပြုနည်း (မြန်မာလို)
မင်္ဂလာပါဗျာ ဒီနေ့တော့ အင်တာနက်ကို အဆင့်မြင့်မြင့်
သုံးချင်သူတွေအတွက် အဆင့်မြင့် အင်တာနက်
အသုံးပြုနည်း (စာအုပ်) ကိုပြန်လည်တင်ပေးလိုက်ပါဗျာ
အင်တာနက်ကို မည့်သူမဆို အဆင့်မြင့်မြင့် သုံးချင်ကြတာချည်းပဲ
တစ်ခါလာလဲ Mp3 သီချင်းလေး ဒေါင်းလိုက်
ဓါတ်ပုံလေးကြည့်လိုက် အမြဲတမ်း
ဘယ်သူကလုပ်ချင်မှာလဲ အင်တာနက်သုံးတာ
ရှုံးတာပေါ့ အဲတော့ အရှုံးမရှိစေရန်
အဆင့်မြင့်အင်တာနက် အသုံးပြုနည်းကို
ဖတ်ပြီးတော့ လေ့လာကြည့်ပေါ့
သင့်အတွက်အရှုံးမရှိပါဘူး
စာအုပ်ထဲမှာတော့ အတော်စုံလင့်စွာ
တွေ့ရပါတယ်
စာအုပ်မှာပါသည့် မာတိကလေးတွေကို နည်းနည်း
ပြောပြရမယ်ဆိုရင်
(1)Internet Forum
(2) Account တည်ဆောက်ခြင်း
(3) Website အတွင်းဝင်ရောက်အသုံးပြုနည်း
(4) Finding E Book
(5) Download Link
(6) Download Ticket မှာ ကြုံရတဲ့အခက်အခဲ
(7) Rar File အား ပြန်ဖြည်နည်း
(8) လိုချင်တာအမြန်ရှာနည်း
(9) Upload လုပ်နည်း
(10) Bolg ရေးနည်း
(11) Bolg တစ်ခုတည်ဆောက်ခြင်း.....
စသည့်တို့ဖြစ်သည်။
File Size ကတော့ ()
mediafire.com (or)minus.com
Windows 7 အသုံးပြုနည်းလက်စွဲ (မြန်မာလို)
မင်္ဂလာပါဗျာ ဒီနေ့တော့ Windows 7 ကျွမ်းကျင်စွာ အသုံးပြုတတ်ရန်
အတွက် ဆရာကြီးဦးအောင်လင်းရေးသည့် Windows 7 အသုံးပြုနည်း
လက်စွဲ စာအုပ်လေးကို ပြန်လည်တင်ပေးလိုက်ပါတယ်ဗျာ
အခုဆိုရင် ကွန်ပျူတာ သုံးတဲ့ လူတိုင်းလိုလို
Windows 7 ကို တွင်ကျယ်စွာ အသုံးပြုလာသည့်နှင့်အမျှ
Windows 7 ကို ဘယ်လိုသုံးရမလဲဆိုတာလည်း
လိုအပ်လာပါတယ်ဗျာ
အဲတော့ Windows 7 ကို တွင်တွင်ကျယ်ကျယ်
အသုံးပြုတတ်ချင်ရင် ဒီစာအုပ်လေး ကိုးကားကြည့်ပေါ့ဗျာ
အဆိုပါ စာအုပ်ထဲပါသည့် မာတိက ကို ကောက်နုတ်တင်ပြရ
မယ်ဆိုရင်...
အခန်း(၁) Windows 7 ၏ Desktop မြင်ကွင်း
နှင့် ပါဝင်သည့် အကြောင်းအရာများအား လေ့လာခြင်း
အခန်း(၂) Font အကြောင်းနှင့် Font Installation
ထည့်သွင်းခြင်း
အခန်း(၃) Device and Pirnter အကြောင်း
အခန်း(၄) Control Panel အားလေ့လာခြင်း
အခန်း(၅) Accessories မှာ အကြောင်းအရာများ
လေ့လာခြင်း
အခန်း(၆) Internet နှင့် ချိတ်ဆက်ပြီး
Online Game ကစားခြင်း
အခန်း(၇) Organize Menu အကြောင်း.......
စသည့်တို့ဖြစ်သည်။
File Size ကတော့ (13.6 MB)
Download>>>Sharebeast (or)minus.com
ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများနှင့်ပြဿနာဖြေရှင်းခြင်း(စာအုပ်)
မင်္ဂလာပါဗျာ အခုတစ်လော့ စာအုပ်ဖတ်ကို အားကောင်းနေတဲ့လို့
ပြောရမှာပဲ အခုလဲ ဆရာသန်းထိုက် ပြုစုရေးသားထားသည့်
ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများနှင့်ပြဿနာဖြေရှင်းခြင်း(စာအုပ်)ကို
တင်လိုက်တာပါ ယနေ့ တိုးတတ်နေတဲ့ IT ခေတ်ကြီးမှာ
Mobile ဖုန်းတွေကလည်းအမျိုးမျိုး MP3/MP4 တွေကလည်း
အမျိုးမျိုးဆိုတော့ ပြဿနာတွေကလဲ အမျိုးမျိုး ကြုံတွေ့ရတတ်ပါတယ်
အဲတော့ ကြုံတွေ့ရသည့် ပြဿနာအားလုံးကို
ဒီစာအုပ်ကို ဖတ်ပြီး ဖြေရှင်းကြည့်ရင် အားလုံးအဆင်ပြေသွားမှာပါ
အဆိုပါခေါင်းစဉ်ငယ်တွေကို တင်ပြရမယ်ဆိုရင်
CD နှင့်အတူတွဲ၍ပါရှိသောအသုံးချဆော့ဝဲလ်များ
ဖိုင်ပုံစံသတ်မှတ်ခြင်းများ
MP4 စနစ်သုံး ဒီဂျစ်တယ် ပစ္စည်းများဝယ်ယူရင်
MP3 Player အတွင်း ဖိုင်တည်ရှိနေပုံနှင့် အသုံး
MP4 Player Control Setup များအညွှန်း
File Recovery Software InStalling
File Recovery Software Running....
စသည့်တို့ဖြစ်ပါသည်။ File Size ကတော့(10.38 MB)
Download>>>Sharebeast (or) minus.com
Friday, October 12, 2012
Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ (မြန်မာလို)
မင်္ဂလာပါဗျာ ဒီနေ့တော့ Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း
လက်စွဲ (စာအုပ်)ကို အခုမှာ ကွန်ပျူတာ စသုံးတဲ့သူတွေ
အတွက် အသုံးဝင်မယ်ထင်လို့ တင်ပေးထားပါတယ်ဗျာ
Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ
စာအုပ်ကိုတော့ မြန်မာ Bolgger တွေမှာ
တင်ထားကြတာနည်းပါတယ်
အဲတော့ အသုံးဝင်ရင် ဖတ်ရှုရကြအောင်ဆိုပြီးတော့
ပြန်လည်ဝေမျှတဲ့သဘောပါပဲ
စာအုပ်ကိုတော့ဆရာကြီးဦးအောင်လင်းက
ရေးသားပြုစုခဲ့ပါတယ်
လိုချင်သူငယ်ချင်းများအောက်မျာဒေါင်းလိုက်ပါနော်
File Size ကတော့ (13.5MB)ရှိပါဗျာ
Download>>>mediafire.com (or) minus.com
ပိဋကတ်(၃)ပုံမြန်မာပြန် (စာအုပ်)
အားလုံးမင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သပါဗျာ
ဒီနေ့တော့ ဗုဒ္ဓဘာသာ လူမျိုးတိုင်း ဖတ်ရှုသင့်တဲ့
ပိဋကတ်(၃)ပုံမြန်မာပြန်(စာအုပ်)ကို
ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ
File Size ကတော့ (33.6 MB)
ရှိပါတယ်ဗျာ...
Download>>>minus.com
မိသားစုကမ္ဘာလေးမပြိုကွဲကြပါစေနဲ့(ဖြစ်ရမှန်)
ကမ္ဘာပေါ်မှာရှိတဲ့ ယောကျာင်္းလေးအားလုံးကို
ကျွန်တော်ရဲ့ ရင်ထဲမှာရှိတဲ့
အတိုင်းကို ဖွင့်ပြောချင်လို့ပါ မေတ္တာရပ်ခံစွာဖြင့်
ကျွန်တော်ရဲ့ ရင်းတွင်းဖြစ်
စကားသံလေးတွေကို နှုတ်နဲ့မပြောဖြစ်သော်များ
စာလေးနဲ့ပဲ တင်ပြပါရစေဗျာ
ကျွန်တော်တို့ ယောကျာင်္းလေး အများစုဟာ
တဏှာနဲ့မကင်းနိုင်ကြဘူးဆိုတာ
အားလုံးသိကြပါတယ်ဗျာ အိမ်ထောင်တစ်ခုမှာ
ယောကျာင်္းလေးတွေဟာ တော်
တော်လေးကို ပျက်စီးတတ်ကြပါတယ်
အဲ့တော့ အိမ်ထောင်တစ်ခုတည်ဆောက်
ပြီးဆိုရင် မိန်းကလေးတွေဟာ
ယောကျာင်္းလေးတွေကို အားကိုးအားထား
ရှိတတ်ကြပါတယ် ဒါပေမဲ့ သူတို့ ချစ်တဲ့
ယောကျာင်္းတွေကိုလည်း အပြင်
ကနေ နှုတ်ချိုသာစွာနဲ့ မပြောနိုင်ခဲ့ကြပါဘူး
ရင်ထဲမှာသာ ယောကျာင်္းတွေကို
ချစ်တတ်ကြပါတယ် ဒါပေမဲ့ ယောကျာင်္လေး
အများစုဟာ နှုတ်ချိုတဲ့ဖက်ကိုလိုက်
တတ်ကြပါတယ် အဲဒါနဲ့ပဲ အမှားတွေကို
ကျူးလွန်းတတ်ကြပါတယ် ဒါကြောင့်
ကျွန်တော်သည် အိမ်ထောင်တစ်ဆက်ပြီး
တစ်ဆက်ဖြစ်ခဲ့ပါတယ် ဒုတိယ အိမ်
ထောင်မှာပဲ သားတစ်ယောက်ရခဲ့ပါတယ်
သားသမီးကို ချစ်တဲ့ မေတ္တာတွေကို
ကျော်လွှားပြီးတော့ ကျွန်တော်ရဲ့
ခန္ဓာကိုယ်ကို တဏှာနဲ့ပဲ ဖုံးလွှမ်းခဲ့ပါတယ်
အဲ့ကနေပဲ အမှားကြီးမှားခဲ့ပါတယ်
ပျော်ရွှင်နေတဲ့ မိသားစု ဘဝလေးကို ပျက်
စီးရိုက်ချိုးခဲ့တဲ့ ကျွန်တော်သည် ဒီနေ့ဒီအချိန်ခါမှာ
နောက်တကြီးကြီးရနေပါပြီး
ပြန်လိုချင်တဲ့ မိသားစုဘဝလေးကိုလည်း
မရနိုင်တော့မှန်း အခုမှာသိလည်း
နောက်ကျသွားခဲ့ပါပြီး ဒါကြောင့်
အိမ်ထောင်တစ်ခု မိသားစုတစ်စုတွေမှာ
မိဘတွေသာ တစ်ယောက်မဟုတ်တစ်ယောက်
မစုံလင့်ခဲ့ရင် ကိုယ်သား
သမီးတွေပဲ မျက်နှာငယ်ရတာပါ ဒါကြောင့်မို့
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်
ကျထားသူတွေ အားလုံးကို ရပြီးသွားတဲ့
မိသားစုကမ္ဘာလေးကို 'ကိုယ်' ကိုယ်
တိုင်း မဖျက်စီးကြမိစေနဲ့လို့ ကျွန်တော်က
အလုံးကို တောင်းပန်းစွာဖြင့်
မေတ္တာရပ်ခံပါတယ်ခင်ဗျာ ဒါကြောင့်မို့
ကျွန်တော်ရင်ထဲက ပျက်စီး
ကြေကွဲနေတဲ့ အကြောင်းကို
ဒီ Online ပေါ်မှာပဲ အတိုကောက်နဲ့ပဲ
ပြောပြသွားခဲ့ပါတယ်။
အားလုံးကို ကိုယ်စိတ်နှစ်ဖြား
ကျန်းမားစွာဖြင့် ချမ်းသာနိုင်
ကြပါစေလား
ဒီစာလေးက 'ကိုဝင်းကိုရဲ့ ခံစားချက်အတိုင်း
ကျွန်တော်ပြန်လည်ကောက်နှုတ်ဖော်ပြခြင်းသာဖြစ်ပါတယ်
ကိုယ်ပိုင်ခံစာချက်။ ။ဦးလေးဝင်းကို
အင်တာနက် Website လမ်းညွှန်းနှင့် Facebook အသုံးပြုနည်း (မြန်မာလို)
မင်္ဂလာပါဗျာ ဒီတစ်ခါတော့ စာအုပ်လည်း မတင်တာကြာပြီးဆိုတော့
အင်တာနက် Website လမ်းညွှန်း နှင့် Facebook အသုံးပြုနည်း
စာအုပ်လေးကို ပြန်လည်တင်ပေးလိုက်ပါတယ်ဗျာ
စာအုပ်ရဲ့ ထူးခြားချက်ကတော့ အင်တာနက် အသုံးပြုသူတိုင်း
ဆောင်ထားသင့်သော စာအုပ်လေးလည်းဖြစ်ပါတယ်
ဘာကြောင့် ဆောင်ထားသင့်သလဲဆိုတော့
အဆိုပါစာအုပ်ထဲမှာက Website လမ်းညွှန်းအမျိုးမျိုးနဲ့ Facebook
အသုံးပြုနည်းပါ တစ်ခါတည်း ပူးတွဲရေးသားထားလို့ပါပဲ
အဆိုပါစာအုပ်ထဲမှာပါတဲ့ မာတိက ကိုက(က)ကနေ(အ)ထိ
ခွဲခြားထားပါတယ်
(က) ကား Website များ။ ကဗျာ Website များ။ ကွန်ပျူတာနှင့်
ပတ်သက်သော Website များ။ ကွန်ပျူတာ Virus ဆိုင်ရာများ
ကွန်ပျူတာ Software Download။
ကွန်ပျူတာနှင့်ပတ်သက်သောစာမေးပွဲများအတွက်
ကွန်ပျူတာ Wallpaper Image များ။
ကစားစရာ အရုပ်များ
ကျန်းမားရေးဆိုင်ရာ Website များ။
(ခ) ခရီးသွားလမ်းညွှန်း Website များ။
(ဂ)ဂိမ်း Website များ။
ဂျာနယ်များ။
ဂြိုလ်တုနှင့်ပတ်သက်သော Website များ။
(စ) စာအုပ်များ။
စာလုံးပေါင်းသတ်ပုံကျမ်း။
စီးပွားရေးဆိုင်ရာ Website များ။
စားသောက်ဖွယ်ရာများ စသည့်တို့ဖြစ်သည်။
ခေါင်းစဉ်ငယ်လေးတွေ ရှိပါသေးတယ် ရေးမနိုင်တော့လို့
ဒီလောက်လေးနဲ့ပဲ အဆုံးသတ်ပါရစေဗျာ
Download လင့်နှစ်ခုတင်ထားပေးပါတယ် အဆင်ပြေတဲ့ကောင်နဲ့
ဒေါင်းသွားလိုက်ပါဗျာ File Size ကတော့ (7.97MB)
Sharebeast (or) minus.com
Subscribe to:
Posts (Atom)