Wednesday, October 31, 2012

ယာယီ အလုပ်သမား ဘဝ(ကျွန်တော်ကိုယ်တိုင်ပါ)


Preview

မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော်လည်း သွားရင်

လာရင်နဲ့ ကျွန်တော်တို့ မြန်မာပြည်သူ

ပြည်သားတွေ ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကြရတာ

အတော်လေးကို ပင်ပန်းရှာရပါတယ်

ကျွန်တော်အပါအဝင်ပါ

ဒီမှာပြထားသည့် ဓါတ်ပုံတွေက

ကျွန်တော် သွားရင်လာရင်နဲ့ ကျွန်တော်တို့

မြန်မာပြည်သူပြည်သားတချို့

အလုပ် လုပ်နေရတဲ့ နေရာတချို့ပါ

''အော်'' ပိုက်ဆံလေး ရဖို့အတွက် သူများ

နိုင်ငံလာပြီး တောတွေ တောင်တွေ မကျန်

အလုပ်တွေ လိုက်လုပ်နေရတာ

ကျွန်တော် ကြည့်ပြီးတော့

စိတ်မကောင်းဖြစ်လွန်းလို့ ကျွန်တော် ဒီပိုစ့်လေးကို

ရေးဖြစ်သွားတာပါဗျာ

  ကျွန်တော်လည်း ဒီလိုပါပဲ တောတွေ တောင်တွေ

မကျန် အလုပ် လုပ်ကြတာပဲ

ဒါပေမဲ့ဗျာ အခုကျွန်တော်ရောက်သွားတဲ့

နေရာက အများကြီး

တောကျပါတယ် နောက်ပြီးတော့

လျှပ်စစ်မီးလည်း မရှိပါဘူး

ဒါပေမဲ့ သူဟာ သူတော့ ပျော်နေတဲ့ ပုံပဲဗျာ

ဒါပေမဲ့ ကျွန်တော် ထင်ပါတယ်

ပျော်တယ် လို့တော့ ဘယ်ဟုတ်ပါမလဲ

တကယ်တော့ ရင်ထဲမှာတော့ ဘယ်ပျော်ပါမလဲ

ဒီလိုဘဲပေါ့ ပိုက်ဆံမရှိတော့ ဆိုရိုး စကား

အတိုင်း ပျော်ရာမှာ မနေရ တော်ရာမှာ နေရ

ဆိုသည့်အတိုင်း လုပ်ကိုင် စားသောက် နေ နေကြတာချည်းပဲ

ဒီလို့မျိုး ဘဝမျိုးမှာ ဘယ်သူနေချင်မှာလည်းဗျာ

ဖြစ်နိုင်ရင် ကိုယ်ရဲ့ မွေးရပ်မြေ ကို ပြန်နေချင်ကြတာချည်းပဲ

မဟုတ်ဘူးလား သူငယ်ချင်းရာ

Preview့

ဒါကတော့ လုပ်ငန်းခွင်မှာ အလုပ် လုပ်နေကြပုံ

Preview

ဒါကတော့ အလုပ်သမားတွေရဲ့ နေအိမ်ပါဗျာ

Preview

ဒါကတော့ နေအိမ်နဲ့ ရာဘာပြားတွေ လှန်ထားသည့်

နေရာပါဗျာ....

Preview

ဒါကတော့ ရော်ဘာပြားတွေ လှန်ထားသည့်နေရာပါဗျာ

ပြည်ပရောက် ကျွန်တော်တို့

ရွှေမြန်မာတွေ အားလုံး အလုပ်အကိုင်

အဆင်ပြေပြီး

အောင်မြင်သည့် ပန်းတိုင်းသို့

ရောက်ပါစေလို့ ကျွန်တော် မောက်မောက်လေး

က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ

 

0 comments:

Post a Comment