Thursday, June 28, 2012

shut down restart sleep အသုံးပြုပုံ


ဒီနေ့တော့ အလုပ်ပြီးတာနဲ့ အခုမှာ ကွန်ပျူတာ စသုံးတဲ့ သူတွေ အတွက် Shut down Restart Sleep အသုံးပြုပုံကို တင်ပြပေးသွားမယ်ဗျာ ပထမဆုံး စက်ဖွင့်တာတော့ သိကြပါတယ် ..ပါဝါခလုတ်ကို ဖိပြီးနှိပ်လိုက်ရင် စက်ပွင့်သွားပါပြီ.. စက်ပွင့်ပွင့်ချင်း သုံးလို့မရသေးပါဘူး ..။ ခဏတော့ စောင့်ပေးရမှာပါ.. ဘာလို့လည်းဆိုတော့ ကွန်ပျူတာက သူ့ရဲ့ ဟတ်ဒစ်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေကို နေရာချနေလို့ပါ...။ အဲဒီလိုအချိန်မှာ မောက်စ်ရဲ့ဘေးမှာ အလုံးလေးက လည်နေပါလိမ့်မယ်..။ အဲဒီလည်နေတဲ့ အလုံးကလေး ပျောက်သွားပြီးဆိုမှ ကိုယ်လုပ်ချင်တာကို လုပ်ရမှာပါ..။ ကိုယ်သုံးချင်တာတွေသုံးပြီးလို့ စက်ပိတ်တော့မယ် ဆိုရင်တော့ Start ကိုအရင်သွားပါ ..။ တချက်ထောက်လိုက်ရင် Box ကျလာပါလိမ့်မယ်..။
အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ် ဒီထက်ရှင်းချင်ရင်တော့ အောက်ကပုံကိုကြည့်လိုက်ပါဗျာ.........


0 comments:

Post a Comment