Friday, December 14, 2012

Net Cut Version 2.1.4 (အင်တာနက်ဆိုင်ကကွန်ပျူတာတွေကို Connection ဖြတ်တောက်မယ်)

 

မင်္ဂလာပါဗျာ ဒီနေ့တော့ အင်တာနက်သုံးတဲ့သူတိုင်း

ဗဟုသုတလည်းရ နည်းပညာလည်းတိုးတတ်စေချင်တဲ့

စေတနာနဲ့ ကျွန်တော်ဒီပိုစ့်လေးကို ရေးချင်မရေချင်နဲ့

IT ခေတ်ကြီးမှာ လူငယ်တွေ နည်းပညာနောက်မကျစေရန်

ရည်ရွယ်ပြီးရေးလိုက်ခြင်းဖြစ်ပါတယ်

သူဆော့ဝဲလ် နာမည်က Net Cut တဲ့

ဘယ်လိုနေရာမှာ အသုံးပြုလည်းဆိုတော့

ဥပမာ... ဆိုကြပါစို့ ကျွန်တော်က အင်တာနက်ဆိုင်သွားမယ်

ကျွန်တော်သုံးတဲ့ စက်က အရမ်းနှေးကွေးနေမယ်

ဒါကို ကျွန်တော်က အားမရဘူး

ဒါဆိုဘယ်လိုလုပ်မလဲ လွယ်ပါတယ်

Net Cut ကို သုံးပြီး ကိုယ်ဘေးနားက

ကွန်ပျူတာတွေကို Connection နှေးသွားအောင်

လုပ်ပြီး မိမိသုံးတဲ့ ကွန်ပျူတာမှာ မြန်သွားမှာ

သေချာတယ် ကျွန်တော်က ရှင်းရအောင်

ဥပမာ ပြောတာပါ အဆိပ်ပင်ရေလောင်းသလို

ဖြစ်နေတယ် ဗဟုသုတ အနေနဲ့ ရေးခြင်းသာဖြစ်တယ်

ကဲမထူးတော့ဘူး ပြောပြီးနောက် အသုံးပြုပုံလေးပါ

အနည်းငယ် ရှင်းပြသွားမယ်

အပေါ်က ပုံမှာ ပြထားသည့်အတိုင်း

အမဲကွက်လေးနဲ့ အခြမ်းနှစ်ခြမ်းရှိတယ်

ဘယ်ဘက်နဲ့ညာဘက်ပေါ့

ဘယ်ဘက်အခြမ်းက တစ်ဆိုင်လုံးမှာရှိတယ်

Computer List တွေ ညာဘက်အခြမ်းကတော့

Default Gate Way IP Address ကိုမြင်ရလိမ့်မယ်

ဘယ်ဘက်အခြမ်းမှာက မိမိဖြတ်ချင်တဲ့

Computer List ကို Select မှတ်ပြီး Cut Off ကို

နှိပ်လိုက်ပါ ဒါဆို မိမိဖြတ်လိုက်တဲ့ ကွန်ပျူတာဟာ

တစ်မိနစ်တိတိ Connection မရတော့ပါဘူး

ညာဘက် အခြမ်းက Default GateWay IP

 ကိုလဲ Cutoff လုပ်လိုက်ရင်

အင်တာနက်တစ်ဆိုင်လုံး Connection ရတော့မယ်

မဟုတ်ပါဘူး မြန်မာပြည်မှာတော့

မလုပ်ကြနဲ့နော် ဆိုင်ရှင်ထိုင်ငိုနေအုန်းမယ်

Download>>> Files.com (or) Ziddu.com

0 comments:

Post a Comment