မင်္ဂလာပါဗျာ ဒီနေ့တော့ အခုမှ ကွန်ပျူတာ စကိုင်တဲ့
သူတွေအတွက် ကွန်ပျူတာအခြေခံ
နည်းပညာလေး တစ်ခု တင်ပြချင်ပါတယ်ဗျာ
အဲဒါက ဘာလဲဆိုတော့
Screen Saver သတ်မှတ်ခြင်းပါပဲဗျာ
ကဲ ပုံတွင်ပြထားသည့်အတိုင်း
လိုက်လုပ်ကြည့်ကြရအောင်
ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ
လွှတ်နေတဲ့နေရာကို Right Click နှိပ်ပြီး
Personalize ကိုနှိပ်လိုက်ပါဗျာ
ပုံတွင်ပြထားသည့်အတိုင်း
လေးထောက်တုံးနဲ့ ဝိုင်းထားသော
Screen Saver None ကို
နှိပ်လိုက်ရင် အောက်က ပုံအတိုင်း
ပေါ်လာမယ်ဖြစ်ပါတယ်
(None) ကိုနှိပ်လိုက်ရင်
ပုံတွင်ပြထားသည့်အတိုင်း ကြိုက်တာရွေးပါဗျာ
ဆိုပြီး မြားထိုးပြထားသည့် အကွက်ထဲက
စာကြောင်းတွေ ကျလာလိမ့်မယ်
ကျွန်တော်က 3D Tex ကို ရွေးချယ်ထားပါတယ်
ကိုယ်လိုချင်တဲ့ မီနစ်ကို ကြိုက်သလို
ချိန်းထားလို့ ရပါတယ်ဗျာ
မီနစ်ရွေးချယ်ပြီးရင်
Apply ကိုနှိပ်ပြီး Ok ပေးလိုက်ရင်
ရပါပြီးဗျာ
အဲဒါဆိုရင် ကွန်ပျူတာ မနှိပ်ပဲပစ်ထားရင်
ကိုယ်ချိန်းထားသည့် မီနစ်ပေါ်မူတည်ပြီး
Screen Saver ပုံလေးဟာ လှုပ်ရှားနေလိမ့်မည်
0 comments:
Post a Comment